မြောင်းမြမြို့တွင် ကျောင်းများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းနှင့် နံရံကပ်စာစောင်ပြသ

မြောင်းမြ ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိ  ပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဘုရားငုတ္တိုရှမ်းစုကျေးရွာရှိ အမှတ်() အခြေခံပညာအလယ်တန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ကျောင်းရှိ ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုမှု အဆင်ပြေစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ် စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ သုတရသစာအုပ်အစုံယူဆောင်၍ ငှားရမ်းပေးရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ် စာစောင် သွားရောက်ပြသရခြင်းဖြစ်ကြောင်း မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြောကြားသည်

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများ ကျောင်းသား ကျောင်းသူများအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများရှိရာသို့သွားရောက်ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန်ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်

ခင်ရူပါအေး