ဝါးခယ်မ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာများဖြစ်သော မီးသတ်ရုံးရှေ့နှင့် မြို့မစျေးကြီးအတွင်းရှိ စျေးရောင်း စျေးဝယ်သူ အများပြည်သူများအား နှာခေါင်းစည်း များပေးဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘက်စုံစုပေါင်းကွန်ယက် လူမှု့ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမဖြစ်ပွား စေရေးအတွက် အသိပညာပေးပြောကြားကြပြီး ပြည်သူများအား နှာခေါင်းစည်း Mask များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရီရီလွင်