နမ္မတူ ဖေဖော်ဝါရီ ၁၈
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ တက်ရောက်လာသည့် (Book Club)အဖွဲ့ အဖွဲ့ဝင် မပိုးမဉ္ဇူ၊ အဖွဲ့ဝင် မထက်ထက်ဝင်း၊ (Woman Club)အဖွဲ့ဝင် မမြတ်သူနှင်း၊ အဖွဲ့ဝင် မမိုးငယ်၊ (Youth Club) အဖွဲ့ဝင် မသုသုနိုင်နှင့် မပိုပိုအောင် တို့က စာအုပ်ပါ အကြောင်းအရာများဖြင့် အပြန်အလှန် နှီးနှောဖလှယ်ဆွေးနွေးခဲ့သည်။
ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ်တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)