ပင်လောင်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားသည့် “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးထွန်းလင်းက စာဖတ်ခြင်းမှရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်တွင် ပါရှိသည့် “ပြဿနာ ကို ကျော်လွန်ပြီး ဘဝကိုဝေးဝေးမျှော်ကြည့်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးခွန်အာကာစိုးက “ရည်မှန်းချက်တည်ဆောက်မှု စည်းမျဉ်းမှ မိမိသည်သာ မိမိဘဝ၏ မောင်းနှင် ထိန်းကျောင်းသူဖြစ်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဦးခွန်ရဲမင်းပိုင်း က “တိကျပြတ်သားသော ဦးတည်ချက်သတ်မှတ်ပါ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မူခင်ထွေးနုက “မိမိကိုယ်ကို ယုံကြည်ခြင်းဖြင့် ကြုံတွေ့လာမည့် ဒုက္ခကို အနိုင်ယူပါ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်