တောင်သာ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သိမ့်သိမ့်အေးက ရုံးလုပ်ငန်း၏ သဘောတရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂) ဦး ကျော်မျိုးနိုင်က ဝင်စားများကို အရေးယူဆောင်ရွက်ခြင်းနှင့် ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဌေးဌေးဝင်းက စာရွက်စာတမ်းများ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်တင်မိုးခိုင်က ရုံးစာရေးသားနည်းခေါင်းစဉ် ဖြင့်လည်းကောင်း ရုံးလုပ်ငန်းလက်စွဲ စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာ နားလည်မှုများအား အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)