မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က မိမိတို့အုပ်ချုပ်ရေးဌာန ရာထူးအဆင့်အလိုက် အမှုထမ်းများအနေဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အရည်အချင်း ပြည့်မီစွာ လိုက်ပါဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး၊ ပေးအပ်သောတာဝန်များကို ကျွမ်းကျင်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၇၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ (၂၅) ရက်နေ့အထိ (၈)ရက်ကြာ သင်ကြားပို့ချပေး သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ထံမှ သိရသည်။

မြင့်မောင် (ပြန်/ဆက်)