တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၊ ဆောက်လုပ်ရန်အတွက် ပထမအကြိမ်အလှူငွေ ပေးအပ်ပွဲသို့တက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ    ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၊ တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်တက္ကသိုလ်တွင် ပညာဆည်းပူးနေ သော ကျောင်းသား/သူများအတွက် လိုအပ်ချက်တစ်ခု ကိုဖြည့်ဆည်းပေးသော အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်၌ တည်ဆောက်မည့်ဓမ္မာရုံသည် တက္ကသိုလ်အတွက် မရှိမဖြစ်ထားရှိရမည့် အဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ယခုအခမ်းအနား သည်ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၊ ဆောက်လုပ်ရန် အတွက်ပထမအကြိမ်အလှူ ငွေပေးအပ်ပွဲဖြစ်သော ကြောင့်ဆက်လက်၍ပြီးမြောက်အောင်မြင်သည့်အထိဝိုင်းဝန်းပြီးဆောင်ရွက်ပေးစေလိုကြောင်း၊ ဆရာ/မများအနေဖြင့်ကျောင်းသား/သူများ၏ အလှူငွေများ လည်း ပါဝင်လာအောင် စွမ်းဆောင်စည်းရုံးပြီး လုပ်ဆောင်ပေးစေလိုကြောင်း၊ ထားဝယ်တက္ကသိုလ် ဓမ္မာရုံ၊ ဆောက်လုပ်ရေးတွင်ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက် ပေးရန်၊ အလှူငွေအပြင် ဓမ္မာရုံ ဆောက်လုပ်ပြီးစီးသွားပါက ကျွမ်းကျင်ရာအပိုင်းများအလိုက်  ဓမ္မာရုံစိမ်းလန်းစိုပြေရေး၊ ရေမီးများတွင်လည်း ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများကဓမ္မာရုံဆောက်လုပ်ရန်အတွက် အလှူငွေ ကျပ် စုစုပေါင်း ၃၇၅ သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အလှူရှင်များက ပေးအပ်ရာ ထားဝယ်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးနှင့် တာဝန်ရှိသူများက လက်ခံယူပြီး ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)