မူဆယ် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ အိုမီခရွန်(Omicron) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များနှင့် လက်ကမ်း စာစောင်များကို မူဆယ်မြို့လယ်နာရီစင်၊ မူဆယ်မြို့လယ်မီးပွိုင့်နှင့် မြို့အထွက်ဂိတ်တို့တွင် ယနေ့နံနက် ၈နာရီအချိန်က တစ်ပြိုင်တည်း ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖြန့်ဝေဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အိုမီခရွန် (Omicron) ရောဂါသည် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီဖြစ်၍ မူဆယ်မြို့နယ်အတွင်း သွားလာကြ သော ပြည်သူများအနေဖြင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် နှာခေါင်စည်း Mask များနှင့် လက်ကမ်းစာစောင်များကို မြို့နယ်မီးသတ် ဦစီးဌာန၊ လူမှုကူညီရေး အသင်း၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲများ၊ ပရဟိတအသင်းများနှင့် ကြက်ခြေနီ အသင်းတို့က အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်ဝင်းဇော်နှင့် ဌာနဆိုင်ရာများကလည်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)