မိုင်းငေါ့ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူမျာအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အမျိုး အစားကို မြို့ပေါ်ရပ်ကွက် ရှိ ပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၂၃)ဦး၊ မ(၂၉)ဦး စုစုပေါင်း(၅၂)ဦးတို့အား မိုင်းငေါ့မြို့ဈေး ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းရှိ အတုလဇေယျာဆောင် ဓမ္မာရုံတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ကိုဗစ်--၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြသည်။ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)