ထားဝယ် ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး၊ တနင်္သာရီ တိုင်းဒေသကြီး အနေဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဖေဖော်ဝါရီ လ ၁၆ ရက်နေ့အထိ ကူးစက်ပြန့်ပွား မှုအနေဖြင့် ၂၅၇၈၁ ဦးအားစစ်ဆးသည့် အခါတွင် ၆၁၄ ဦးရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ရောဂါကူးစက် ပြန့်ပွားမှုရှိသည့် ရပ်ကွက်/ကျေးရွာ/ဌာနဆိုင်ရာများလည်းရှိနိုင်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးသို့နေရာ ပေါင်းစုံမှလာသော ခရီးသွား လာပြည်သူများကို ရောဂါပိုးစစ်ဆေးလိုက်သည့်အခါ Positive ဖြစ်နေ သည်ကိုတွေ့ ရကြောင်း၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးသူများ၊ ကိုဗစ်-၁၉ ဖြစ်ပြီးသူများရောဂါပြန်ဖြစ်သည့်အတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာကြောင်း၊ တိုင်း အတွင်း /အပြင်သွားလာ သူများအားစစ်ဆေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး တွင် Test Kit ဖြင့် စစ်ဆေးရသည့်အတွက် လိုအပ်သည့် Test Kit များကို ဖြည့်ဆည်းပေးသွားမည်ကြောင်း၊ အစုအဖွဲ့အလိုက်ကူးစက်နိုင်သောနေရာဖြစ်သည့် စာသင်ကျောင်း၊ သင်တန်းကျောင်း၊ စျေး စသည့်နေရာများတွင် အမြဲမပြတ် ကြည့်ရှုပြီးစစ်ဆေးရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ ထိုးနှံသင့်သူများကိုထိုးနှံပေးစေလိုကြောင်း၊ တိုင်းဒေသကြီးတွင်ကာကွယ်ဆေး လုံလုံ လောက်လောက်ရှိ ကြောင်း၊ တက်ရောက် လာသူများအနေဖြင့် အကြံပြုဆွေးနွေး တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက်ကော်မတီအတွင်းရေးမှူးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းလင်းက ဆောင်ရွက်ထားရှိမူအခြေ အနေများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ဆွေးနွေးအကြံပြုရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)