ရွှေကူမြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရွှေကူ  ဖေဖော်ဝါရီ    ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဝင်များဖြင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အောင်မြင်မှု”စာအုပ်ကို ဖေဖော်ဝါရီလ (၁၈)ရက် ညနေ ၃ နာရီခန့်က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်သူဇာမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း ရွယ်ချက်များကိုရှင်းလင်း ပြောကြားကာ (Book Club)အဖွဲ့ဝင် ဒေါ်ညွှန့်ညွှန့်သိန်းက “လူငယ်နှင့်အောင်မြင်မှု” စာအုပ်အား ဦးဆောင် ဆွေးနွေးပြီး Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက “လူငယ်နှင့်အောင်မြင်မှု” “ကိုယ့်ကိုကိုယ် စီမံခန့်ခွဲခြင်း” “ငယ်စဉ်အခါပညာရှာ” စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးအနေဖြင့် စာပေဝါသနာရှင်များအတွက် အသက်အရွယ်မရွေး စာအုပ်၊စာစောင်များ ဖတ်ရှု လေ့လာခြင်းဖြင့် ဗဟုသုတအတွေး အမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်း၊ ပြည်သူများ အသိပညာ ဗဟု သုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)