သီပေါ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Maskတပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု Mask Campainပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဝက်ဝံယာယီပျံကျဈေး နှင့် မြို့မဈေး၊ လမ်း မတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံမီးပွိုင့်အနီးနှင့် နမ့်ပေါ့ချောင်း တံတားအနီးတို့ တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ Mask Campainပြုလုပ် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ ဒေသခံ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသူ၊ ဈေးသားများ၊ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွား မှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့သွားလာရာတွင် ပါးစပ်၊နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ နေအိမ်ပြင်ပ ထွက်ခွာ သူ ပြည်သူများကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Mask Campainပြုလုပ်ဆောင်ရွက်ရာတွင် ဖြန့်ဝေသော Mask များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းလှူဒါန်းမှုဖြင့် Mask အခုရေ(၁၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)