သီပေါ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ယနေ့နံနက် ၉နာရီက စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့် အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက် ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကို အမျိုးသမီးအသင်း(Women Club) အဖွဲ့ဝင် ဒေါ်စန်းစန်းသွယ်က ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ “ကူးစက်မြန်သည့် အိုမီခရွန်”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း(Women Club)အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးခွန်းများ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)