ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါပြန့်ပွားမှုမရှိစေရေး မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ပုံပါကျင်  ဖေဖော်ဝါရီ  ၁၉

ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့နံနက် ၉နာရီကမြို့ပေါ်ရပ်ကွက်နှင့်‌ကျေးရွာများ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရ သည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန် ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌ သာနေထိုင်ရန်၊ ပြင်ပဧည့် သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျမကြာခနဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေ ထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် စသည့် အချက်များကို Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်နှင့် တာကွမ်ကျေးရွာသို့ သွားရောက် နှိုး‌ဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)