ဆီဆိုင်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ဆီဆိုင် ဖေဖော်ဝါရီ    ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဦးကြီးဒဲရယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာဌေးလှိုင်(ရူပဗေဒ) ရေးသားသည့် “နားနားနေနေနှင့် အခြားဆောင်းပါးများ” စာအုပ်မှ တာဝန်ယူမှု တာဝန်ခံမှုနှင့် တာဝန်ကျေပွန်မှု၊ စာဖတ်သောအသိုင်းအဝိုင်းများ ဝိုင်းဝန်းဖန်တီးကြစို့၊ သတိရှိကြသူများ၊ ငြိမ်းချမ်းရေးသည် အကောင်းဆုံးဓာတ်စာဖြစ်သည် စသည့် အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်