ရပ်စောက်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ရပ်စောက် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား လူငယ်များအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ရဲထက်ဦး