တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်

တန့်ယန်း ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ် အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့် ပူးပေါင်း ကာ ပါးစပ်/ နှာခေါင်းစည်း Face Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ရန်အတွက် ပါးစပ်/နှာခေါင်းစည်း Face Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ လူစည်ကားရာ နေရာများဖြစ်သည့် မြို့နယ် စည်ပင်သာယာစျေး၊ မြို့နယ်အရန် မီးသတ်တပ်ရင်းရုံးရှေ့၊ စျေးဟောင်းလမ်းစုံနှင့် ဗိုလ်ချုပ်လမ်းတို့တွင် Mask (၃၀၀၀)ခု၊ လက်ကမ်းစာစောင် (၂၀၀)တို့ကို ကျောင်းသား/ ကျောင်းသူများ၊ စျေးသူ စျေးသားများ၊ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး