တနိုင်း ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယမန်နေ့ နံနက်(၁၀)နာရီက ကလေးသူငယ်ပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝါဦးက (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တနိုင်းမြို့နယ် ဥပဒေအရာရှိ ဦးဆွတ်ရိန်ထွယ်က ကလေးသူငယ်ပပျောက်ရေးဆိုသည်မှာ ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်သမားအားလုံးကို ကလေးအလုပ်သမားလို့တော့ မသတ်မှတ်၊ ကလေးဘဝ၊ ရှေးအလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး(သို့) ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် အလုပ်များ၊ ကလေးသူငယ်အလုပ်သမားများက ကလေးများအတွက် သာမက မြို့ကြီးပြကြီး တစ်ခုလုံးအတွက်လည်း ဆင်းရဲမှုမှ လျှော့ချခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အနှောက်အယှက်ဖြစ်စေကြောင်း စသည့် အကြောင်းအရာများ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ဝါဝါ(ပြန်/ဆက်)