မိတ္ထီလာ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာ စေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက် လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာ လျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင် ၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ ရေရရှိ ရေးလုပ်ငန်း၊ ကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို ကွက်ငယ်၊ သရက် ကန်၊ ညောင်ပင်သာ၊ လက်ပံ့အိုင့် (အနောက်) ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့ ဆောင်ရွက်လျက်ရှိရာတွင် ၎င်းကျေးရွာများမှ ကျေးရွာ၏ လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်းခြင်းလုပ်ငန်းများကို နိုင်ငံတော် မတည်ငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူ ကျေးရွာသား များ၏ ထည့်ဝင် ငွေတို့ဖြင့် အရှည် ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလမှ စတင်၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၆၄)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)