ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါးအဆောက်အအုံအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်   ဖေဖော်ဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါးအဆောက်အအုံအား ၂၀၂၁-၂၀၂၂  ဘဏ္ဍာ နှစ်တွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိရာ လုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းရှိကြောင်း သိရှိရသည်။

ရေတံခါးအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်(၃၀)သန်း အကုန်အကျခံကာ ရေတံခါးအဆောက်အဦ၏ အဝင်အထွက် မြောင်းဘောင်ဝဲ/ ယာနေရာများတွင် အလျား(၃၂)ပေ၊ အကျယ်(၁၁.၇၅)ပေ၊ အမြင့်(၁၅)ပေ အတိုင်းအတာရှိ မြောင်းဘောင် ကြမ်းခင်းများ ကျောက်စီခြင်း၊ အလျား(၅.၅)ပေ၊ အနံ(၅.၅)ပေ အရွယ်အစားရှိ ရေတံခါး ချပ် (၄)ခုနှင့် ဂီယာအုံများ အသစ်လဲပေးခြင်း လုပ်ငန်းများ ဆောက်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမင်းရဲမြောင်းရေတံခါးအဆောက်အအုံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်သောကြောင့် မင်းရဲရေမြောင်းမှ သီးနှံစုံဧက(၉၅၇၃)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် လိုအပ်သလိုပေးဝေ ထိန်းညှိနိုင်ပြီး ရေအလေအလွင့်ဆုံးရှုံးမှုလျော့နည်းစေကာ လိုအပ်သည့်ရေပမာဏ ပြည်ဝစွာပေးဝေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)