ညောင်ဦးမြို့နယ်တွင် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်

ညောင်ဦး ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြင့် သေးဆုံးခဲ့သည့် လူနာနေထိုင်ခဲ့သည့် နေအိမ်ကို ယနေ့နံနက် ၉ နာရီအချိန်က ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ကိုဖိုးသားဦးဆောင်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့ အမှတ်(၂)နယ်မြေ၊ဆန်းတန်းရပ်မှ ကိုဗစ်-၁၉ရောဂါဖြင့် သေးဆုံးသွားသည့် လူနာနေထိုင်ခဲ့သည့် နေအိမ်အား ပိုးသတ်ဆေးဖြန်းခြင်းလုပ် ငန်းများလုပ်ကိုင်ပေးခဲ့ ကြောင်းသိရသည်။ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ကိုဗစ်ကူးစက်ရောဂါ ရောက်ရှိကူးစက်လာချိန်မှစတင်ပြီး ယနေ့အချိန်ထိစွမ်းစွမ်းတမံ ကူညီလုပ်ကိုင်လာခဲ့ရာ လူမှု အကျိုးပြုလုပ်ငန်းများလုပ်ကိုင်ရာတွင် အချိန်၊ နေရာ၊ ဒေသမရွေး အသင်းရုံးမှ ကားဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးလုပ်ကိုင်နေကြောင်းသိရပြီး ကိုဗစ် ရောဂါပိုး တွေ့ရှိသည့်နေအိမ်မျာ၊ ရုံးဌာနများ၊ ပုဂ္ဂလိကအဆောက်အအုံများကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြစ်ကာ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်နေသည့် အရန်မီးသတ်လည်းဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD