မိုင်းနောင်မြို့ မြန်မာ့စီးပွားဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မိုင်းနောင်  ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင် စားများအား ပင်စင်လစာများကို ယနေ့၊ နံနက်(၉:၃၀)နာရီ အချိန်တွင်  ကျန်းမာရေး၀န်ကြီးဌာန ၏စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် လစဉ် (၂၁) ရက်နေ့မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိပြီး မိဘပင်စင်စား သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုမရှိစေ ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် ကြိုတင်စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး အချိန်တို အတွင်း မြန်ဆန်စွာ ထုတ်ယူနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

ပင်စင်လစာများ ထုတ်ယူသည့် မိဘပင်စင်စားများအား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များထုတ်ယူပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများဖြစ်သော လူတိုင်း (mask) တပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေးတို့ကို အထူးကြပ်မတ် ဆောင်ရွက်ထားကြောင်း သိရသည်။

မနန်း(မိုင်းနောင်)