ဝေမျှခြင်းပရဟိတမိသားစုမှ စည်းကံတဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်းကံတဲတိုက်အတွက် သောက်သုံးရေလိုအပ်လျက်ရှိသော စည်းကံတဲတိုက်သို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝေမျှခြင်း ပရဟိတ မိသားစုက သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ဇီးပင်ကြီးတဲတိုက် အတွက်လည်း သောက်သုံးရေ ၁၆၀၀ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းမှု စုစုပေါင်း ၇၇၀၀၀ ရေဂါလံ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း စည်းကံ တဲတိုက်တွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၈၀ ဦးကျော် နေထိုင်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD