ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ မှန်တောကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

မှန်တောကျေးရွာသည် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ထီးပုကျေးရွာအုပ်စုတွင် ပါဝင်ပြီး ညောင်ဦးမြို့မှ  ၂၅မိုင်ခန့်၊ ငါ့သရောက်မြို့မှ ၉မိုင်ခန့်၊ ကွာဝေး ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစု မှလှူဒါန်းပေးလျက်ရှိရာ မှန်တောကျေးရွာအတွက်လည်း သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတ မိသားစုမှ သောက်သုံးရေ လှူဒါန်းမှု စုစုပေါင်း ၇၈၆၀၀ ရေဂါလံ လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD