တနင်္သာရီ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု အရ မောတောင်မြို့ အုပ်ချုပ် ရေးမှူးဦးအောင်ဇင်ထိုက်၏ကြီးကြပ်မှုဖြင့် မောတောင်မြို့ မြို့မဈေးအတွင်း ယမန်နေ့ နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင် ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာ သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ MaskCampaign ပြုလုပ် ကြောင်းသိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင်မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မောတောင်မြို့ တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာသီဟအောင်နှင့် ကျန်းမာရေးဌာနဆရာမနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကော်မတီဝင်များ၊ မြို့မရပ်ကွက်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်း အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက် အပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူ များအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask အပြင် Facesheld ကိုပါ စနစ်တကျဝတ်ဆင်၍ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲMask ဝတ်ဆင်ပြီးမှ ဝယ်ယူကြစေရေး၊ အသိပညာပေးပြောကြားလျက် Mask များ အခမဲ့ဖြန့်ဝေ ပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)