မန္တလေးခရိုင် (CommunityCentre) တွင် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (CommunityCentre) တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

"လူငယ်မောင်မယ်များ ပန်းချီရေးဆွဲခြင်းကို စိတ်ကြိုက်လွတ်လပ်စွာ ဖန်တီးတတ်စေရန်၊ ငယ်စဉ်ကတည်းက အနုပညာရပ်ကို စိတ်ပါဝင်စားတတ်စေရန်၊ အနုပ ညာကို ချစ်မြတ်နိုးပြီး စိတ်ကူးသိမ်မွေ့ယဉ်ကျေးလိမ်မာစေရန်၊ ပန်းချီဖန်တီးရာ၌ သင့်လျော်သည့်အရောင်ရွေးချယ်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၉)ဦးပါဝင် ယှဉ်ပြိုင် ကြောင်းသိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)