ကလိန်အောင်ဒေသထွက် ကွမ်းသီး ယခင်နှစ်ကထက် ဈေးကောင်းရရှိ

ကလိန်အောင်   ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွား ဖြစ်ထွန်းလျက်ရှိပြီး ယခု နှစ်ကွမ်းသီးပေါ်ချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ကလိန်အောင် မြို့ ကွမ်းခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ယခင်နှစ်က ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းသီးပေါ်ချိန်ကာလတွင် အထွက်နှုန်း နည်းပါးခြင်းကြောင့် ဈေးကောင်းရရှိသော်လည်း တောင်သူများ အဆင် မပြေဖြစ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ အထွက်နှုန်းလည်းကောင်းတယ်။ ဈေးကောင်းလည်းရရှိတာကြာင့် အဆင်ပြေကြပါတယ် ဟု ကွမ်းသီးခြံစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

“ယခင်နှစ်က ကွမ်းသီးပေါ်ချိန်တွင် ပေါက်ဈေးမှာ အခြောက်ပါကင်တစ်ပိဿာလျှင် ငွေကျပ်( ၄၁၀၀)၊ အစိုတစ်လုံးလျှင်(၂၃)ကျပ်သာရရှိပြီး၊ လက်ရှိကွမ်းသီး ပေါ်ချိန်တွင် ပေါက်ဈေးမှာ အခြောက်ပါကင်တစ်ပိဿာလျှင် ငွေကျပ် (၇၀၀၀)၊ ကွမ်းသီးအစိုတစ်လုံးလျှင် (၃၅)ကျပ် ရရှိသဖြင့် ကလိန်အောင်မြို့ ကွမ်းသီးစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကွမ်းသီးခြံများကို ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး  ရန်ကုန်မြို့နှင့် ထားဝယ်မြို့ရှိ ကွမ်းသီး  ကလိန်အောင်မြို့အတွင်းရှိ အဝယ်ဒိုင်များတွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်