မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိ

မြစ်သား   ဖေဖော်ဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ် မြန့်မာ့စီးပွဦးရေးဘဏ်(ခွဲ)မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၇)နာရီက စတင်ကာ  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေးညွှန်ကြားချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားဦးရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းဦး ရေ(၂၃၀၀)ကျော်ရှိပြီး၊ ပင်စင်လစာများကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်၍ ဘဏ်ဖွင့်ရက်များ တွင် နံနက်(၇)နာရီမှ ညနေ(၄)နာရီအထိ ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီပေး ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊ ထိုသို့ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်း ဆောင်ရွက်ပေးခြင်း၊ ပင်စင်လစာများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေ ရန် စနစ်တကျဆောင်ရွက်ပေးပြီး၊ အငြိမ်းစား ဝန်ထမ်းမျာအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်စေခြင်း၊ လက်ဆေးဘေစင်များထားခြင်းတို့ကို ဆောင်ရွက်ထားကြောင်း မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

သီတာအောင်(မြစ်သား)