ထားဝယ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ပရဟိတ ကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)က ထားဝယ်မြို့၊ ရတနာမာရ်အောင်သီလရှင စာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ရတနာမာရ်အောင် သီလရှင်စာသင် တိုက်သို့ ဆန် ၅ အိတ်၊ ဆီ(၁၀)ပိဿာနှင့် ပဲ ၈ ပိဿာတို့ကို ဆက်ကပ်လှူဒါန်းရာ စာသင်တိုက်မှသီလရှင်ဒေါ်ရူပသီင်္ဂီက လက်ခံယူပြီး တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)