မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက နှာခေါင်းစည်းအခမဲ့ဖြန့်ဝေ

ကျောင်းကုန်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သဒ္ဓါပုဗ္ဗဂ်မ ပရဟိတ လူမှုကူညီရေး အဖွဲ့ဝင်များက လက်သန့်ဆေးရည်ဖျန်းပေးခြင်း၊ နှာခေါင်းစည်း အခမဲ့ဝေငှခြင်းကို ယနေ့ နံနက်ပိုင်းက ကျောင်းကုန်းမြို့မဈေးအနီး အနှေးယာဉ်ဂိတ်၌  ပြုလုပ်ခဲ့ကြသည်။

အဓိက ပြည်သူနှင့် ထိတွေ့မှုအများဆုံးဖြစ်သော အနှေးယာဉ် ဆိုက်ကားသမားများအား ရောဂါပိုး မကူးစက်စေရန် ရည်ရွယ်၍ လက်သန့်ဆေးရည်ဖျန်းပေးကာ နှာခေါင်းစည်းများ ဝေငှပေးခြင်းဖြစ် ကြောင်း၊ လူထူထပ်ရာနေရာများသို့ သွားရောက်လျှင် နှာခေါင်းစည်း တပ်ရမည်ဆိုတဲ့ အသိပေးချင် တာကြောင့်  ယနေ့ နှာခေါင်းစည်း(၃၀၀)လှူဒါန်းပြီး၊ ဆက်လက်လှူဒါန်းသွားအုန်းမည်ဟု ဒုရဲအုပ် ကျော်ကျော်နိုင်က ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)