ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဖောင်ရွာရပ်ကွက်၌ အိမ်ထောင်စု (၆၈၀)စု အကျိုးပြုမည့် အနောက်ရှင်ပင် အေးမြလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။
အနောက်ရှင်ပင်အေးမြလမ်း ကတ္တရာထပ်ပိုးလွှာခင်းရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၈.၇၀၈)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့မှ သတ်မှတ်အရည် အသွေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး အရှည်(၉၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မ ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီ ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ဖောင်ရွာရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၆၈၀)စု၊ လူဦးရေ(၃၇၆၁)ဦးတို့ သွားလာရာတွင် လွယ်ကူ လျင်မြန်စွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုအဆင်ပြေ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)