ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ အမှတ်(၁၁)အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းသား/ ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာပေးဟောပြောပွဲတွင် ပြောကြားခဲ့ ကြသည့် အကြောင်းအရာအရာများကို သေချာမှတ်သားအလေးထားကာ လိမ္မာယဉ်ကျေးသော ကျောင်းသား/ကျောင်းသူများ အဖြစ်နေထိုင် သွားကြ စေလို ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်၊စာပေများဖတ်ရှုခြင်းဖြင့် အသိ ပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာမှာဖြစ်ကြောင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းဖတ်ရှု နိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
.ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က စာအုပ်၊စာပေများ ဖတ်လေ့လာခြင်းဖြင့် ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်လာပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမို ထက်မြက်လာမှာဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ယဉ်ကျေးလိမ္မာသော သားကောင်း/သမီးကောင်းများ ဖြစ်ကြစေလိုကြောင်း အသီးသီး ဟောပြောခဲ့ ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင် ပြန်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ယာဉ်စည်းကမ်းလမ်း စည်းကမ်း အသိ ပညာပေးနံရံကပ်စာစောင် များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)