ဝါးခယ်မ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ဘဏရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (အခြားနည်း) တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြင့်ကြွယ်က အခွင့်အရေးလိုင်စင်များ (အခြားနည်း) တင်ဒါစနစ်ဖြင့် ရောင်းချရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက (အခြားနည်း) တင်ဒါစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် ပတ်သက်ပြီး လေလံဆွဲဝယ်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် အရပ်ရပ်အခွင့်အရေး လိုင်စင်များဖြစ်သော သားသတ်လိုင်စင် ၇ ခု၊ ကူးတို့လိုင်စင် ၉ ခု၊ စျေးကောက်လိုင်စင်တစ်ခုတို့ကို လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)