မိုင်းငေါ့ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွှန်)နှင့် ပတ်သက်၍ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက မြို့အဝင်လမ်းဆုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထို့သို့ လှုပ်ရှားဆောင်ရွက်မှုကို မိုင်းငေါ့မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုးအောင် ဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် Omicron (အိုမီခရွှန်) ကူးစက်မှုမှ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအခြေခံစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ နေအိမ်ပြင်ပထွက်ခွါပါက ပါးစပ်၊နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေးကိုတတ်နိုင်သမျှ ရှောင်ရှားရန်၊ သံသယရောဂါ လက္ခဏာ ရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန်တို့ကို အသိပညာပေး ပြောကြားခဲ့ပြီးနောက် နှာခေါင်းစည်း Mask အခု (၃၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (အိုမီခရွန်) ကြိုတင် ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကိုလည်း မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)