အမာမြို့၊ Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်

အမာ ဖေဖေါ်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Talk Show ဆွေးနွေးပွဲပြုလုပ်ရာတွင် အမာမြို့၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့ဦးစီးမှူး နော်လေးလီယန်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းတို့က လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာပုံ၊ စိတ်ကြွဆေး လတ်တလော သုံးစွဲမှုလက္ခဏာများအကြောင်း၊ ရေရှည်သုံးစွဲမှု လက္ခဏာများ၊ စိတ်ကြွရူးသွပ်ဆေး ဆိုသည်မှာ၊ WY၊ ဘိန်းဖြူ/ဘိန်းမဲ၊ ဆေးခြောက်၊ Ice(ခေါ်) ရေခဲ စသည့်တို့ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆိုးကျိုးများရရှိပုံတို့ကို Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အမာ