ဒေးဒရဲ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုနှင့် မဲစာရင်း ကျန်ရှိမှုများ မရှိစေရေး ပြန်လည်စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် အခြေအနေနှင့် သတ်မှတ်ရက်အတွင်း ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက် များနှင့်အညီ မဲရုံများလျာထား သတ်မှတ်နိုင်ရေး၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများအား သင်တန်းများ ဖွင့်လှစ်ပေး နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုလှိုင်ထွေးက ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခဲ့ရာတွင် လိုအပ်ချက်များအား အချိန်မှီပြီးစီးရေး ပြင်ဆင်ဖြည့်စွက် လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မှန်ကန်တိကျသော မဲစာရင်းများ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေအလိုက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးရေး ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်ခြင်းလုပ်ငန်းများ အချိန်မှီပြီးစီးရေး ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)