ညောင်ဦး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု စံပြကျေးရွာနှင့် မောက်စကုန်းတဲတိုက်သို့ ယနေ့နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် စံပြကျေးရွာသူ/ကျေးရွာသားများအတွက် သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်း ပေးခဲ့ပြီး၊ ညောင်ဦးမြို့နယ် မောက်စကုန်းတဲတိုက်အတွက် သောက်သုံးရေဂါလံ ၈၀၀လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက် ရှိသော တဲတိုက် များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် စံပြကျေးရွာအတွက် သောက်သုံးရေဂါလံ ၁၆၀၀ နှင့် မောက်စကုန်းတဲတိုက် အတွက် သောက်သုံးရေ ဂါလံ ၈၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၈၅၀၀၀ ဂါလံ လှူဒါန်းပေးခဲ့ပြီဖြစ် ကြောင်းသိရသည်။
ကိုထိန်၊KPD