ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်ထားရှိ

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်ခရီး စဉ်သစ်သို့ သွားရောက်လေ့လာမည်ဆိုပါက ကျောက်ပန်းတောင်းမြို့မှမိတ္ထီလာဘက်အ ထွက် ၇မိုင်ခန့်ကွာ၊ ကြက်မောက်တောင်ဆည်အနီးမှမြောက်ဘက် ၂မိုင်၃ဖာလုံခန့်အကွာ ရှိ လဲဂွရွာနှင့်လက်ပံအိုင့် ကျေးရွာမြောက်ဘက် ၂မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့်ဂဲ မိုးအိုင်နေရာသို့ ရောက်ရှိ လေ့လာနိုင်ကြောင်း သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ ခရီးစဉ်ဒေသအသစ်ရှာဖွေဖော် ဆောင်ထားသည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြား ရေးမှူး၊ဦးဝင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး-ဦးမျိုးမင်းအောင်နှင့်တာဝန်ရှိသူများသည် ဂဲမိုးအိုင် ခရီးစဉ် ဒေသအား အကြိမ်ကြိမ်အခေါက်ခေါက်အခါခါသွားရောက်လေ့ လာပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေခံအကြောင်းအရာများနှင့် ဂေဟစနစ်မပျက်ရှိနေသေးသည့် ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်းအား ပြည်တွင်းခရီးသွား များသာမက ပြည်ပခရီးသွားများပါစိတ်ဝင်စား မှုမြင့်တက်လာနိုင်ပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေယုံသာမက သဘာဝ တော၊ တောင်၊ရေ၊ မြေကိုလည်း မြတ်နိုးချစ်ခင် တန်ဖိုးထားစေလာနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမျိုးမင်းအောင်(ပုဂံရုံးခွဲ)မှရှင်းပြသည်။

ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်ခရီးစဉ်တွင် ဂဲမိုးအိုင်၊ လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့ နေရာ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်၊ ကျောက်သားလျှိုမြောင်တလျောက်ဝင်ရောက်၍ သဘာဝ အခြေခံခရီးစဉ်တစ်ခုကို လက်တွေ့ခံစားကြည့်ရှုနိုင်မည်ဖြစ်သလို၊ မြောက်ကျောက်အိုးရှိ ဒေသခံများအခေါ်ကြီးမားသည့် ကျောက်ဖြာကြီးများပေါ် ရေစီးဆင်းခဲ့ရာမှ ရေလှောင်ကန် ပုံသဏ္ဍာန်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်အိုးခေါ်တွင်ကြောင်း၊ ဂဲမိုး အိုင်ဟု ဒေသခံများ ခေါ်တွင်ရခြင်းမှာ ရေအိုင်ကြီးပေါ်ကြီးမားသည့် (ကျောက်တုံးအမိုး) ဂဲကြီးမိုးနေသည့်အတွက် ဂဲမိုးအိုင်ဟုခေါ်တွင်ကြောင်း၊ ဂဲတစ်လုံးစို့အိုင်သည် လျှိုမြောင် ကျောက်ရိုးတဘက်တချက်၏ အလယ်တွင် ကြီးမားသည့် ကျောက်တုံးကြီး တည်ရှိနေခြင်းကြောင့် ဂဲတစ်လုံးစို့အိုင်ခေါ်တွင် ခဲ့ကြောင်း၊စကောဝိုင်းအိုင်သည် ယခင်ရေစီးကြောင်း တည့်တည့်တွင် ဝိုင်းစက်စက်အနေအထား ဖြစ်နေသည့်အတွက် စကော ဝိုင်းအိုင်ခေါ်တွင် ခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသများအနေဖြင့် လဲဂွကျေးရွာ နှင့်လက်ပံအိုင့်ကျေးရွာပတ်ဝန်းကျင်၏ တောင်ဘက် ၂မိုင်ခန့်အကွာ မဟာ ဗောဓိ ငါးထောင် (မတ်တစ်ထောင်တောင်တန်း)နှင့်ကြက်မောက်တောင်ဆည်၊ အနောက်ဘက် ၁မိုင်ခန့်အကွာ ငွေတွင်းတောင် တောင်တန်းတွင် ဘုရားလေးဆူအား ဖူးမြှော် နိုင်ပြီး၊ မြောက်က်နှစ်ဖာလုံ အကွာတွင် နှစ်ပေါင်း ၉၀ကျော်ခန့်ရှိ မပုပ်မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ်(ရဟန္တာ)ကို ဖူးမြှော်နိုင်ပြီး၊ လဲဂွရွာ ရွှေနတ် တောင်ကုန်း ပေါ်တွင်တည်ထား သည့် ရွှေနတ်တောင်စေတီဘုရားစုကို ဖူးမြှော်နိင်ပေသည်။ အဆိုပါရွှေနတ်တောင်စေတီ သမိုင်းအားရွာထဲရှိသက်ကြီး ဘိုးဘွားများ၏ တဆင့် စကားအရ ရွှေဖျင်းညီနောင် ညီအကိုနှစ်ဦး ရွှေနတ်တောင်ဘုရားပွဲတိုင်း လာရောက် ဆွမ်းကပ်၊ ပျော်စံသည့် ဘုရားဖြစ်ကြောင်း လည်းသိရသည်။ ကျောက်ပန်းတောင်း မြို့နယ် တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများနှင့်သင့်လျော်သည့် ခရီးစဉ်ဒေသအသစ်များ၊ရှာဖွေ ဖော်ထုတ် ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ တောတောင်ရေမြေသဘာဝအလှအပများကို ခံစားနိုင်စေရန် ရည်ရွယ်၍ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)မှသိရှိရသည်။

ကိုထိန်၊KPD