ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း  ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်နိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် FirstDose (၁၂၁)ဦး၊ Second Dose(၆၀၅)ဦး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူစုစုပေါင်း(၇၂၆)ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)