ကျောက်ဆည် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့ တွင်းလမ်းများအား ကတ္တာထပ်ပိုးလွာခင်းပေးခြင်း၊ အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မင်းရပ်၊ ရပ်ကွက်၌ အိမ်ထောင်စု (၁၀၈၅) စုအကျိုးပြုမည့် သိပ္ပံလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၉.၈၅၁) သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည် အသွေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးရေး အရှည်(၈၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် မင်းရပ်ရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၁၀၈၅)စု၊ လူဦးရေ(၅၄၅၀)ဦး ဖြတ်သန်းသွားလာရာတွင် လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင် မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ထွေး