ပလောက်မြို့၌ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေးMask Campaign ပြုလုပ်

ပလောက်   ဖေဖော်ဝါရီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇နာရီ ခွဲက ထားဝယ်-မြိတ် ကားလမ်းမကြီး၌    ပြုလုပ်ခဲ့ကြသည်။

ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင် ဦးဆောင်၍ ပလောက်နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်သူများရှိနေပြီး ဖြစ်၍  ပြည်သူ များအနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ် ပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေး ကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်  သွားလာကြရန်၊ အပြင်က ပြန်လာတိုင်း နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူ များ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကိုအကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြား၍   နှာခေါင်းစည်း Mask အခု (၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

နှင်းမြူလွင်