မြစ်သားမြို့တွင် တိုင်းရင်းဆေးအကြောင်းအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြစ်သား   ဖေဖော်ဝါရီ      ၂၄

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre  ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက တိုင်းရင်းဆေးဆိုင်ရာ များနှင့်ပတ်သက်၍ ရဲယိုပင်၏အသုံးဝင်ပုံများမှ  ရဲယိုသီး ကို မီးဖုတ်၍ကြိတ်ပြီး သွားတိုက်ပေးပါကသွားနှင့် သွားဖုံးများခိုင်မာပြီး သွားဖုံးရောင်ခြင်းများအတွက် သက်သာပျောက်ကင်းကြောင်း၊ ထို့အပြင်အာခေါင်ပူခြင်း၊ လေချုပ်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ သည်းခြေဖောက်ပြန်သော ရောဂါတို့အတွက် ရဲယိုရွက်ကို ပြုတ်၍ တို့စားပေးရကြောင်း၊ နှာခေါင်းသွေးလျှံခြင်း၊ နို့ကြောင်းပိတ်ခြင်း၊ နို့ခန်းခြင်း၊ သကျည်းကိုက် ခြင်း၊ ဝမ်းရစ်ခြင်းတို့အတွက် ရဲယိုရွက်ကို ပြုတ်၍သော်လည်ကောင်း၊ သုတ်၍ သော်လည်းကောင်းစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ကြောင်း၊ မီးယပ်သွေးချုပ် ခြင်း၊ ငုပ်ခြင်းအတွက် ရဲယိုသီးအမှည့်တစ်လုံးကို ထန်းလျက်နှစ်လုံးနှင့် ခေါက်စားခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း၊ အဖုအကြိတ်ရောဂါများအတွက် ရဲယိုရွက်ကို ကြိတ်၍အုံပေး ပါက နုလျှင်ပိန်၍ရင့်လျှင် ပေါက်သွားစေတတ်ကြောင်း၊ အနာမှသွေးစိမ်းများယိုကျသောအခါ ၎င်းအသီး အခြောက်ကို အမှုန့်ပြု၍ သိပ်ပေးပါက သက်သာပျောက်ကင်းစေ ကြောင်း၊ အဆစ်ရောင်ခြင်း၊ အဆစ်နာခြင်းအတွက် သတ္ထုရည်ကို လိမ်းပေးပါက သက်သာစေပြီး အရွက်သတ္ထုရည်ကို လိမ်းပေး ခြင်းဖြင့် အသားအရည် ကိုနူးညံ့စေကြောင်း  စသည့်ရဲယိုပင်၏ အသုံးဝင်ပုံ အကြောင်းများကို အကျယ် တဝင့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြမြမွန်(မြစ်သား)