တနိုင်းမြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တနိုင်း ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ တနိုင်းမြို့နယ်၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းနဲ့အညီ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး)၊ ‌ဒေါ်ဝါဦးက တနိုင်းမြို့နယ် ဥပဒေအရာရှိ ဦးဆွတ်ရိန်ထွယ်တို့က မသန်စွမ်းဥပဒေ၊ မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များ စသည့် သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။                                                                               

ဝါဝါ