ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    ဖေဖော်ဝါရီ   ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာ များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်၊ ဆမအသုတ် ဒုတိယအကြိမ်နှင့် သတ္တမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည် သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက် ပဉ္စမအသုတ် ဒုတိယအကြိမ် (၆၉)ဦး၊ ဆမအသုတ် ဒုတိယအကြိမ် (၁၂၅)ဦးနှင့် သတ္တမ အသုတ် ပထမအကြိမ် (၆၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက် (၁၈)နှစ် ပြည့်ပြီး သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၁၃ရက်နေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့ အထိ ပဉ္စမအသုတ် ဒုတိယအကြိမ်(၃၁၉၁)ဦး၊ ဖေဖော်ဝါရီ ၁၆ရက်နေ့မှ ၂၃ရက်နေ့အထိ ဆမ အသုတ် ဒုတိယအကြိမ်(၆၉၉)ဦးနှင့် ဖေဖော်ဝါရီ ၁ရက်နေ့မှ ၂၃ရက် နေ့ အထိ သတ္တမအသုတ် ပထမ အကြိမ်(၁၁၇၄)ဦး ထိုးနှံပြီးကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)