ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ဟိုပန်   ဖေဖော်ဝါရီ    ၂၅

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ (၃၁)စေတီကုန်း သာသနာပြုကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဟိုပန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲဝင်းထိုက်နှင့်ခရိုင်/မြို့နယ်ဝန်ထမ်းများမှ (၃၁)ဘုံစေတီကုန်း ကျောင်းတိုက်တွင် သီတင်သုံးနေထိုင်တော်မူသောရဟန်း(၁၀)ပါး၊ သာမဏေ(၆၉)ပါးတို့ကို ဆွမ်းဆန်တော်(၈)အိတ် ဆပ်ကပ် လှူဒါန်းခဲ့ပြီး ဟိုပန်မြို့နယ်တွင်းရှိ ကျန်ရှိနေသေးသော ဘုန်းတော်ကြီးကျောင်းတိုက်များသို့လည်း လစဉ်ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်