နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေနှင့် ပညာရေး ပဒေသာပင်အတွက် အလှူငွေများ လှူဒါန်း

နောင်ချို  ဖေဖော်ဝါရီ  ၂၅   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ ယမန်နေ့ နံနက်ပိုင်းတွင် အလှူငွေများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။

လှုဒါန်းရာတွင် နောင်ချိုမြိုနယ် ရွှေညောင်ပင်ကျေးရွာနေ ဦးစိုင်းဝင်းအောင်+ဒေါ်နန်းသိန်းဆွေ ဆန်စက်မိသားစုမှ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေကျပ်ငါးသိန်းနှင့် သဖန်းကိုင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွက် ပညာရေးငွေပဒေသာပင်အဖြစ် အလှူငွေကျပ် ငါးသိန်း   လှူဒါန်းခဲ့ရာ သဖန်းကိုင်း ပရဟိတဆရာတော် မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။         

သဖန်းကိုင်း ပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင် ပိုးတွေ့လူနာများ၏ ကျန်းမာရေးကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော် (၁) ဦး၊ ဆရာဝန် (၁) ဦး၊  သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ် အတွင်း အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေး ဖျန်းပေးခြင်း များအပြင် အခြား ကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတလူမှု ကူညီရေးအသင်းထံမှ သိရသည်။ 

ထွေးငယ်၊ (ပြန်/ဆက်)