သီပေါ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ် သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ဆက်လက်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့် မြို့ပြကွာဟမှုကျဉ်းမြောင်းလာစေရန်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ်ရပ်တည်လုပ်ကိုင်နိုင် စေရန်နှင့် အဆိုပါလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် လွယ်တောင်း၊ မူးလေး၊ နားကန်၊ ကောင်းဟုန်း၊ ပန်စောက်မိန်း၊ ကောင်းဟုစသည့် ကျေးရွာ (၆) ရွာမှ အမျိးသမီးငယ် (၂၀) ဦး တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ သင်တန်းကာလ (၁) လ ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)