မိုင်းယု ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာမှု ရှိစေရန် ဌာနိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာ၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရန် အတွက် လိုက်နာရမည့်အချက်များ၊ လက်ကို HandGel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏဆေး ကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန်နှင့် ပြည်သူများ အနေဖြင့်အပြင် ထွက်သည်ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာ၌ဖြစ်စေ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ကြရန် လိုအပ်မည်ဖြစ် ကြောင်း အသိပညာပေး ပြော ကြားခဲ့သည်။
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းကော်မတီဥက္ကဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် Mask တပ်ဆင်သွားလာရေးစစ်ဆေးမှု ကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ထွေ/အုပ်၊ ကျန်းမာရေး၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ မီးသတ်နှင့် မော်တော်ယာဉ်ဂိတ်မှူးတို့ ပါဝင်၍ အပတ်စဉ်ကြီးကြပ် ဆောင်ရွက် လျက်ရှိပြီး Mask မတပ်ထား သူများအား နှာခေါင်းစည်း တစ်ခုစီ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အားချာ