မိုင်းဖြတ် ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးတို့ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါ ကူးစက်မှုမြန်ဆန်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်ရေး လူစုလူဝေးရှောင်ရှားခြင်း၊ နေအိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှ နေထိုင်စကားပြောခြင်း စသည့် နည်းလမ်းများကို ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာများအတွင်း နှားခေါင်းစည်း(mask) မတပ်ဆင်ဘဲ သွားလာနေကြသည့် မိဘပြည်သူများအား နှားခေါင်းစည်းတပ်၍ သွား လာနိုင်ရေး အသိပညာပေးခြင်းနှင့် နှားခေါင်းစည်း(Mask)များကို (အခမဲ့)ဝေငှပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး