ညောင်ဦး ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စု များအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၉နာရီအချိန်တွင် ကျေးရွာသူ/ကျေးရွာသားများအတွက် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အဆိုပါ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာသည် ဖေဖော်ဝါရီ ၂၁ရက်၊က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၆၆အိမ်၊ ဆုံးရှုံးခဲ့ပြီး အတိဒုက္ခရောက်ရောက်နေသည့် ကျေးရွာသူ/ ကျေးရွာသားများ တဒင်္ဂပြေလည်စေရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသား စုကဒုတိယအကြိမ် လှူဒါန်းခြင်းအဖြစ် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြီ၊ ဆီ ၃၀ကျပ်သား၊ ကြက်သွန်တစ်ပိသာ၊ ခရမ်းချဉ်သီး တစ်ပိသာ၊ စတီးဇလုံ ၄၂၀ လုံး၊ခြုံစောင် အထည် ၇၀၊ အိမ်ထောင်စု ၇၀ အတွက် တစ်အိမ်ထောင် တစ်သောင်းကျပ်လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေ အလှူ တော်အသင်းအကျိုးတော်ဆောင်ဦးဝင်းမင်း ထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာတွင်မီးလောင်ခဲ့ခြင်းကြောင့် အကူအညီ များလိုအပ်လျက်ရှိရာ အိမ်ထောင်စု (၆၆)စု၊ လူဦးရေ (၂၅၂)ဦးအတွက် အကူအညီ များလိုအပ်လျက်ရှိရာ မြန်မာပြည်အရပ်ရပ်မှ မည်သူမဆို ကူညီလှူဒါန်းနိုင်ကြောင်း သိရပြီး ညောင်ဦးခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆက်သွယ်၍ လည်းကောင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့ရှိ လူမှု ကူညီရေးပရဟိတအသင်းများမှလည်း ချိန်ဆက်ကူညီလှူဒါန်းနိုင်ကြောင်းလည်း သိရကာ အလှူရှင်များကိုယ်တိုင် မြောင်ကျေးရွာအရောက် ကူညီ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD